
ခရမ်းမြို့နယ် ၊ မတ်လ (၁၃) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ ဖြစ်ပေါ်လာပုံနောက်ခံသမိုင်းနှင့် ၂၀၂၅ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင် ကျင်းပရခြင်း ၏ ရည်ရွယ်ချက်နှင့် စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခြင်းအား မတ်လ(၁၁)ရက် နေ့၊ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ရာတွင် အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ရာတွင် ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Right Day ) အထိမ်းအမှတ် အခမ်း အနားများအား မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်များထဲမှ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူ၏ အခွင့်အရေးအကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းကသတ်မှတ်ပေးသောဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ ဖို့မျှတအသွင်ကူးပြောင်းစို့” ဆောင်ပုဒ်နှင့်အညီ အရည်အသွေးပြည့်မှီသောထုတ်ကုန်များကို တိုးတက် ထုတ်လုပ်နိုင်ပါက လူနေမှုဘဝမျှတစွာ အသွင်ကူးပြောင်းနိုင်မည် ဖြစ်သည့်အတွက် ဒေသအတွင်း ထုတ်လုပ်မှု လုပ်ငန်းများအောင်မြင်အောင် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော် အနေဖြင့် MSME ကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရှိစားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအား စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကာအကွယ်၊ ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအခွင့်အရေး ကာကွယ် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)