Main menu

“ ခရမ်းမြို့နယ်၌မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုယူနက်စကို၏လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ”

Powered by Drupal

ခရမ်းမြို့နယ် ၊ မတ်  (၁၃) ရက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် အမည်စာရင်းတင်သွင်းမှု အောင်မြင်နိုင်ရေးအတွက် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များ နှင့်ပတ်သတ်၍ အသိပညာပေးအစီအစဉ်ကို မတ်လ(၁၁)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် ရန်ကုန်ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောခဲ့ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ဆိုင်ရာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံက သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက်  အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင်ထူးခြား သည့်ဓလေ့တစ်ခုဖြစ်ကြောင်း၊ မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်းအစဉ်အလာယဉ်ကျေးမှုများ၊ သနပ်ခါး၏အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများစသည့် သနပ်ခါးနှင့်ပတ်သတ်သည့် အကြောင်းအရာများ နှင့်  မြန်မာ့သနပ်ခါးအား ပြည်တွင်းဖြစ်အလှကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံအောင် ‌ဖော်ပြပါရှိသော သနပ်ခါး အလှကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် သုံးစွဲသူပြည်သူများ အနေဖြင့် လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော သနပ်ခါးအလှကုန်ပစ္စည်းများကို သာဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)