Main menu

ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ပုဇွန်တောင်မြို့နယ်အတွင်းရှိ အင်ကြင်းခိုင်၊ ထွန်းတောက်၊ စိန်သုံးလုံး၊ ဦးမြင့်နိုင်၊ တိုးတက်လင်း၊ မြတ်ချမ်းသာ၊ ဒို့ညီနောင်၊ အောင်သိဒ္ဓိစသည့် ဆန်အရောင်း ဆိုင် (၈)ဆိုင်သို့    ၁၁.၃.2025 (၁၃:3၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)  ၊ ကျားပျံ(ရှယ်) ၊ ကျားပျံ(လတ်) ၊ ဧရာပေါ်ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ စသည့် ဆန်များ ၏(၁ပြည်/၁အိတ်) ဈေးနှုန်းများကို ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ် ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/မရှိ စစ်ဆေးခြင်းနှင့် သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊  လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)