
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean)သို့ ၁၄.၃.2025 (14:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေး အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)