Main menu

သာကေတမြို့နယ် သာကေတ ဆိပ်ကမ်းရှိ MV ချမ်းမြေ့သာစည် ရေယာဉ် တင်ဆောင်နေမှု သွားရောက် စစ်ဆေး

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြား ချက်အရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင် ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲ၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့တို့ ပါဝင်သော အဖွဲ့များသည် ၁၅.၃.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် သာကေတမြို့နယ် သာကေတ ဆိပ်ကမ်းရှိ အား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင်  ကော့သောင်း မှ ရန်ကုန် သို့ ထွက်ခွာလာသည့် ကမ်းရိုးတန်းသ င်္ဘော ဖြစ်သော   MV  ချမ်းမြေ့သာစည် သင်္ဘောအားစစ်ဆေးရာ  သင်္ဘောတွင်  အထွေထွေ ကုန်မျိုးစုံပါရှိပြီး တရားဝင်ပစ္စည်းများသာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက် ခဲယမ်းများသိုဝှက် သယ်ဆောင်ခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မူးယစ် ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူ ခံရမှာဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)