Main menu

ဈေးကွက်အတွင်းပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သတ်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင်ပဲကုန်စည်ဒိုင်တွင်  ၁၇.၄.၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဈေးကွက်အတွင်း ပဲမျိုးစုံရောင်းဝယ်ဖောက်ကားရာ၌ ပစ္စည်းမှန်(Quality)၊ ဈေးနှုန်းမှန် (Price)၊ အရောင်း အဝယ်မှန် (Merchandise) နှင့် ဈေးကွက်မှန် (Market) ရောင်းဝယ်ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန် ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ဦးစီးမှူး၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဌနှင့် အလုပ် အမှုဆောင်များ၊ ဘုရင့်နောင်ပဲကုန်စည်ဒိုင်ဥက္ကဌနှင့်အလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များ အသင်းဥက္ကဌများ နှင့် ကုန်စည်ဒိုင်ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ပဲနှမ်းအသင်းဝင် (Export) ကုမ္ပဏီများနှင့် ပွဲရုံလုပ်ငန်းရှင်များ စုစုပေါင်း ၇၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)