
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင် မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပ ခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ လိုင်စင်လျှောက် ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက် လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား နေ့လည်(၁၄း၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)