Main menu

မြိတ်မြို့စားသုံးသူရေးရာဦးစီးဌာနတွင် စားဖိုဆောင်သီးနှံလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

မြိတ်ခရိုင်စားဖိုဆောင်သီးနှံလုပ်ငန်းရှင်များအသင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်စေရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ၂၀၂၅ခုနှစ်၊ မတ်လ(၁၅)ရက် နေ့တွင် မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ တွေ့ဆုံပြီး အစည်းအဝေးကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်စေရေး အသင်းသူ/သားများမှ ဝိုင်ဝန်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအဆင် ပြေစေရေးညှိနှိုင်းဆောင်ရွက်ရန် စျေးကွက်တည်ငြိမ်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်၊ အွန် လိုင်းမှဝယ်ယူပါက သတိထားဝယ်ယူကြရန်၊ အွန်လိုင်း မှရောင်းချမည် ဆိုပါက မှတ်ပုံတင်ရန် တို့ကိုပြောကြားခဲ့ပြီး မြိတ်ခရိုင်စားဖိုဆောင်သီးနှံလုပ်ငန်း ရှင်များအသင်းမှ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ သယ်ယူပို့ဆောင်နေမှုအ‌ခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)