
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ဈေးကုန်းရပ်ကွက်ရှိ သစ္စာဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စစ်ကိုင်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးမြို့ရှိ Mandaly Global Network Distribution Co;Ltd စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရရှိလာ သော စားအုန်းဆီများကို ရပ်ကွက်/ကျေးရွာနေပြည်သူများသို့ ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းဈေး အပေါ်တွင် ၂% အမြတ်ပေါင်း၍ ရောင်းချရန်နှင့် ၎င်းဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)