
စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ မတ်လ ၁၅ရက်နေ့ နံနက် (၀၈း၃၀) အချိန်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ရတနာပုံ တံတားပေါ်တွင် သွားလာ နေသော ခရီးသွားပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အချက်အလက် များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မတ်လ ၁၅ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ဖြစ်ပါကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ နစ်နာဆုံးရှံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ လက်ကမ်းစာစောင်တွင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာနှင့် ဖုန်းနံပါတ်များ ဖော်ပြပါရှိသည့် အကြောင်းကို ခရီးသွား ပြည်သူများအား အသိပေးရှင်းလင်းပြောကြားပြီး လိုက်ပါလာသော တာဝန်ရှိသူများအား စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေစာအုပ်များကို ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)