Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ်အဖြစ်  အကြိုအခမ်းအနားအား ၂၀၂၅ ခုနှစ်၊ မတ်လ ( ၁၄ ) ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့်  တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ စားသုံးသူပြည်သူများ  စုစုပေါင်း ( ၁၅၀  ) ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

           ရှေးဦးစွာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူ အခွင့်အရေးဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် မိမိတို့နေ့စဉ်စားသုံးမည့် အစားအသောက်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု များအားလုံးကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်သည်မဟုတ်သည့်အတွက် ထုတ်လုပ်ရောင်း ချကြသူများထံမှ  တဆင့်ဝယ်ယူသုံးစွဲကြရပါကြောင်း၊ စားသုံးသူများဖြစ်ကြသည့် မိမိတို့တွင် စားသုံးသူအခွင့် အရေးများရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့် အရေးများအား ကာကွယ် ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ရှိနေပြီဖြစ်သည့် အတွက် စားသုံးသူနစ်နာမှုများ ကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မျှတသည့် စီးပွားရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအပါအဝင် သက်ဆိုင်ရာ ဥပဒေများကို လည်း လိုက်နာကြရန် လိုအပ်ပါ ကြောင်းပြောကြားခဲ့ပါသည်။

          ယင်းနောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းနှင့် ကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များအားရှင်းလင်းတင်ပြရာတွင် ကော်မတီ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များ၊ ကော်မတီမှ ဆောင်ရွက်ခဲ့သော တစ်နှစ်တာလုပ်ငန်းများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ လမ်းညွှန် ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကာတွန်း ဗဟို အဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိ ပညာ ပေး Video Clip ပြသခြင်း၊ ဂုဏ်ပြုသီချင်းတေးသရုပ်ဖော်နှင့် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းသရုပ်ဖော်တို့ကို တင်ဆက်ကပြခဲ့ပါသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက် သော စားသုံးသူကာကွယ်ရေး ဆိုင်ရာ ပြခန်းများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသထွက်ကုန်ပြခန်း ကို လည်းကောင်း ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA(စစ်ကိုင်း)