Main menu

ကျိုက်ထိုမြို့နယ်တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း Talk Show” ဆွေးနွေးပွဲကျင်းပ

Powered by Drupal

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁၄.၃.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြောင်း Talk Show” ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေမှု အခြေအနေ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားမှု အခြေအနေနှင့် ယခုကျရောက်လာမည့် ၂၀၂၅ ခုနှစ် မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့၏ ဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” “A Just Transition to Sustainable Lifestyles” ဖြစ်ပါကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)