
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦးသည် ၁၃.၃.၂၀၂၅ ရက်နေ့တွင် (ယာဉ်အမှတ် 9B-8857) ယာဉ်မောင်း ဦးထွန်းထွန်းဝင်းနှင့် ၁၄.၃.၂၀၂၅ ရက်နေ့ (ယာဉ်အမှတ် 4G-2351) ယာဉ်မောင်း ဦးထွန်းထွန်းဇော်တို့၏ မော်တော်ယာဉ်ဖြင့် Kaung Hlyan New Asia Co.Ltd သို့ စားအုန်းဆီ (၃၆) ပေပါ ရောက်ရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကျိုက်ထိုမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချသွား မည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်ထံမှ သိရှိရပါသည်။
DOCA(မွန်)