
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ် မတ်လ(၇)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်အတွင်းရှိ နဝဒေးစက်မှု ဇုန်(၂) အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများသို့ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများအား ကူညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ခဲ့သည့် ဌာနများနှင့်အတူကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၌ ပါရှိသည့် ကုန်အညွှန်း အမှတ် အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုတ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ပဲခူး)