Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၂၈) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နဝဒေးစက်မှုဇုန်ရှိ Aster ရေသန့်စက်ရုံ၊ ဗိုလ်တစ်ထောင် ရပ်ကွက်ရှိ ‘အက်ရှင်’ ငှက်သိုက်မုန့်လုပ်ငန်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ ‘အောင်ကမ္ဘာ’ မလိုင်လုပ်ငန်းနှင့် ‘ရွှေမြင့်မိုရ်’ အဆင့်မြင့် အဆီပြည့် နို့ဆီလုပ်ငန်း၊ ပြည်-အောင်လံ ကားလမ်းဘေး၊ ပြည်သာယာရပ်ကွက်ရှိ ‘PK’ ကိတ်မုန့်လုပ်ငန်းနှင့် ‘ပေါက်ကြီး’ ရေခဲမုန့်လုပ်ငန်း၊ အောင်မင်္ဂလာ ဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များနှင့် မြို့မစည်ပင်ဈေးကြီး အတွင်းရှိ သောက်ရေသန့်အမျိုးမျိုး ရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့ လည်းကောင်း၊ ရွှေတောင်မြို့ နယ်တွင် သရက်တောရပ်ကွက်၊ နှပ်တန်း ကွက်သစ်လမ်းရှိ ‘နေဝင်းသူရိန်’ ယိုစုံလုပ်ငန်း၊ ယွန်းတန်း ရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များနှင့် ကြာနီကန်ရပ်ကွက်ရှိ သောက်ရေသန့် အမျိုးမျိုး ရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့ လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် မြို့မစည်ပင်ဈေး အတွင်းရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များနှင့် ပန်းတောင်းမြို့ပေါ်ရှိ သောက်ရေသန့်အမျိုးမျိုး ရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့ပေါ်စတိုးဆိုင်များရှိ သောက်ရေသန့်အမျိုးမျိုး ရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက် ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)