Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူးဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနဦးဆောင်၍မိတ်ဖက်ဌာန များဖြစ်သောပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ဖြင့် (၁၃.၆.၂၀၂၂)ရက်နေ့   နံနက်(၁၀:၃၀)နာရီတွင်မြောင်းမြမြို့အတွင်းတရားမဝင်မော်တော်ဆိုင်ကယ်နှင့်တရားမဝင်ဆေးဝါး  များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ များ မှ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များနှင့်ဆေးဝါးရောင်းချသောဆိုင်များတွင်     တရားမဝင်ဆိုင်ကယ် များ ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ  သွားရောက်စစ်ဆေးခဲ့ ပါသည်။ဆိုင်ပိုင်ရှင်များအား စစ်ဆေးရခြင်း၏  ရည်ရွယ်ချက်များ ၊   အဖွဲ့အနေဖြင့်ရှင်းလင်းဆွေး နွေးခဲ့ပြီး စစ်ဆေးမှုကိုအပတ်စဉ်၊ လစဉ်စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချမှု စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ စစ်ဆေးဖမ်းဆီး    အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)