
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့်ပူးပေါင်း၍(၁၇.၂.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန C0mmunity Center တွင် ဦးစီးမှူးဒေါ်ခင်ခင်ထိုက်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ဦးစီးမှူးဒေါ်ခင်ခင်ထိုက်ကကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ စတင်ပေါ်ပေါက်လာပုံ၊ ရည်ရွယ် ချက်နှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ လုံခြုံစိတ်ချရမှု့ရှိစေရန် အဓိကဆောင်ရွက်ပေးနေမှု့များနှင့် စားသုံးသူ အခွင့်အရေး (၈) ချက်တို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)