Main menu

လှည်းကူးမြို့မဈေးအတွင်း အရုပ်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၁၇.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူး မြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် လှည်းကူးမြို့မဈေးအတွင်းရှိ ကလေး ကစားစရာအရုပ်အမျိုးမျိုးရောင်းချနေသောဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးတာဝန်ခံ ဦးဝေဖြိုးကျော် မှပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ ဆိုင်များတွင်ရောင်းချနေသော ကလေးကစားစရာအရုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်အားသက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကလေးကစားစရာအရုပ်အမျိုးမျိုးကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)