
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၇.၃.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် အင်းစိန်၊ ရွှေပြည်သာ ဈေးဝယ်စင်တာများ၌ စားသုံးဆီ အမျိုးမျိုးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဈေးကွက် အတွင်းရောင်းချနေသည့် ဘူးသွင်းအမှတ်တံဆိပ်ပါ စားသုံးဆီများကို စစ်ဆေးရာတွင် အမေထွား ပဲဆီသန့်၊ ရန်ကုန် ပဲဆီသန့်၊ ရွှေအုံပဲဆီသန့်၊ ငွေသဇင်မင်းပဲဆီသန့်၊ ရွှေပဲဆီသန့်၊ မေဇင် (ဟင်းသီးဟင်းရွက်ဆီ) အပါအဝင် အခြားဆီဘူးများတို့တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကိုတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)