
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၇.၃.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ ဈေးနှုန်းများကောက်ယူကာ ယခင်ဈေးနှင့်ယခုဈေးနှုန်း အတက်/အကျ အား ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်(အရှည်/အပု)တို့မှာ ဈေးနှုန်း အနည်းငယ် ကျဆင်းလာပြီး အသား၊ ငါးဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)