
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အရှေ့ဒဂုံမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရာ (17.3.၂၀၂၄) ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ်၊ ဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး အရောင်းဆိုင်အား သွားရောက်၍ ကွင်းဆင်းအသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ ၊ ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆိုင်အတွင်း ရှိ စားသောက်ကုန်များသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)