စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၄)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ မော်တော်ယာဉ်လိုင်း ပေါင်းစုံဂိတ်တွင် သတ်မှတ်ယာဉ်စီးခနှုန်းထားများဖြင့် ရောင်းချခြင်းရှိ/မရှိ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မော်တော်ယာဉ်လိုင်းများမှာ လွိုင်ကော်-နေပြည်တော်၊ လွိုင်ကော်-မန္တလေး၊ လွိုင်ကော်-ရန်ကုန် ၊ လွိုင်ကော်-တောင်ကြီးမြို့များသို့ အဓိက ထားပြေးဆွဲလျက်ရှိပါကြောင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း ယာဉ်လိုင်းလုပ်ငန်း ရှင်များအနေဖြင့် အကျိုးအမြတ်ကို အဓိကမထားဘဲ ပြည်သူများခရီးသွားလာရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ယာဉ်စီးခနှုန်းထားများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယာဉ်လိုင်းလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအရ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်အသိပေးရန်နှင့် မှန်ကန်သောသတင်းအချက်အလက်၊ ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးရန်နှင့် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက လျော်ကြေး ပေးဆောင်ရမည်ကိုလည်း သိရှိလိုက်နာရန်လိုကြောင်းကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)