Main menu

အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ အလုပ်သမားရေးရာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်း(ထားဝယ်)မှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့၊ နေ့လည်(၂း၃၀) နာရီအချိန်တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားအား ထားဝယ်မြို့၊ အစိုးရနည်းပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ  လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနမှ တက်ရောက်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြော ကြားခဲ့ခြင်း၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ် အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီ အတွင်းရေးမှူးမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီဆောင်ရွက်ချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ အစိုးရနည်းပညာ အထက်တန်း ကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီးနောက် အခမ်း အနားအား (၄း၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)