Main menu

ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေး

Powered by Drupal

             ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ (၁၀.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံရုံးမှ ဦးဆောင်၍ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့သည်။

          ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ တရားမဝင်ဆေးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေ‌ရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  စစ်ဆေးခဲ့သည်။ ဆေးဆိုင်များအား မိမိရောင်းချသော ဆေးဝါးပစ္စည်းများနှင့်စပ်လျဉ်း၍  ပြည့်စုံမှန်ကန်သော သတင်း အချက်အလက်၊ အာမခံချက်များသိရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် သုံးစွဲပုံ အညွှန်း၊ထားသိုသိမ်းပုံအညွှန်း၊ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ ဘေးထွက် ဆိုးကျိုး၊ ပမာဏ စသည့်များကိုမြန်မာဘာသာ ဖြင့်ဖော်ပြချက်ပါရှိသော ကုန်စည်များကိုသာရောင်း ချရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန် အသိပေးဆွေးနွေးစစ်ဆေးခဲ့ပြီး(၁၂:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုပြီးစီးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)