
ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)သည် Paris ဆပ်ပြာခဲရောင်းချဖြန့်ဖြူးသည် ကုမ္ပဏီနှင့်ပူးပေါင်းပြီး(၉-၆-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သံတွဲမြို့ပေါ်ရှိ ကုန်စုံအရောင်းဆိုင်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုမရှိသည့် Paris ဆပ်ပြာခဲများအား လဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့လဲလှယ်ပေးခြင်းဆောင်ရွက်ရာတွင် သံတွဲမြို့ Paris ဆပ်ပြာခဲရောင်းချ ဖြန့်ဖြူးသည့် United Pacific- Co.Ltd ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သောအဖွဲ့ဖြင့် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်(၁၁)ဆိုင်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသည့် (Netweight) မကိုက်ညီသည့် Paris ဆပ်ပြာခဲများအား ဈေးကွက်အတွင်းမှ သိမ်းဆည်းပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိသည့် Paris ဆပ်ပြာခဲများဖြင့် လဲလှယ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)