Main menu

ဟင်္သာတမြို့နယ်ရှိ မင်းခန့်စားသောက်ကုန်ဆိုင်သို့ Online Sales ကိစ္စနှင့်ပတ်သတ်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထား နိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက် များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၇.၃.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမိုးကျော်သည် ဟင်္သာတမြို့နယ်ရှိ မင်းခန့်စားသောက် ကုန်ဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ သည်။ စစ်ဆေး ရေးအရာရှိသည် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေး ဦးစီးဌာနမှ ဆက်လက် စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)