Main menu

ပင်းတယမြို့၊ သရက်ကုန်း ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူး ရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ပင်းတယမြို့ သရက်ကုန်းကျေးရွာ အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်တို့အား  စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေ ရန် ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ၌ ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)