Main menu

မြင်းခြံမြို့တွင် အသင့်သောက်ကော်ဖီထုပ်များ ဈေးနှုန်းဈေးကွက် အခြေအနေ ကွင်းဆင်းခြင်း

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် စည်ပင်သာယာဈေးဖြစ်သော မြို့မဈေး အတွင်းရှိ အရောင်းဆိုင်များသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းခဲ့သည်။

          ထိုသို့အရောင်းဆိုင်များသို့ ကွင်းဆင်းရာတွင် ပြည်တွင်းထုတ်အသင့်သောက် ကော်ဖီထုပ် များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းရာတွင် Super (၄၈)ထုပ်ပါ တစ်ထုပ်လျှင် (၂၂၀၀၀) ကျပ်၊ (၂၅)ထုပ်ပါ တစ်ထုပ်လျှင် (၁၁၅၀၀)ကျပ်၊ Premier(၃၀)ထုပ်လျှင် တစ်ထုပ်လျှင် (၁၅၆၀၀)ကျပ်၊ Happy (၃၀) ပါတစ်ထုပ်လျှင် (၁၄၀၀၀)ကျပ်၊ Best (၃၀)ပါ တစ်ထုပ်လျှင် (၁၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အရောင်းဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန သည် ဈေးကွက်အတွင်းမရှိမဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်းဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မရှိစေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီထုပ်များ၏ ဈေးနှုန်းဈေးကွက် အခြေအနေများ ကွင်းဆင်းခြင်း၊ အသင့်သောက်ကော်ဖီထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)