Main menu

သံတွဲခရိုင်၊ သံတွဲမြို့ပေါ်ရှိ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၁-၆-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ စက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား  စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် ကုမ္ပဏီမှ မှာယူတင်သွင်းသည့် စက်သုံးဆီ Bowser Car များ တင်ပို့လက်ခံရရှိမှုစာရင်း၊ တစ်နေ့တာ စက်သုံးဆီအရောင်းစာရင်းနှင့် ဈေးနှုန်းများအား မိမိတို့ဌာနမှဝန်ထမ်းများ စက်သုံးဆီဆိုင်များသို့ စာရင်းများကွင်းဆင်း ကောက်ယူရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပူပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဉပဒေ ၂၀၁၉ အရ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ အာမခံပေးထားသောကုန်စည်များနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)