Main menu

မိတ္ထီလာမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့်နှင့် ဝန်ထမ်းများသည် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်တွင်းမရှိမဖြစ် လိုအပ် လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင်းဖြစ် သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ် မှုမရှိစေရေးအတွက် (၁၈.၃.၂၀၂၅) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊  မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ ဈေးကွက်အတွင်း ပြည်တွင်းထုတ် အသင့်သောက် ကော်ဖီထုတ်များ၏ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက်အချက်အလက် များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)