
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့်နှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကုန်စုံဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံ များအပါအဝင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်တွင်းမရှိမဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်း များကို စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင်းဖြစ်သင့် ဖြစ်ထိုက် သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး အတွက် နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများသို့ ကုန်စည်ထုတ်လုပ်မှုအခြေအနေများ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက်အချက်အလက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)