Main menu

သာစည်မြို့နယ်အတွင်းရှိဆန်ဆိုင်များကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅) ၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် သာစည်မြို့နယ်ရှိ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့်ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ ဆန်ဈေးနှုန်းမြင့် တက်ရောင်းချခြင်းရှိ/မရှိနှင့် ဆန်များ ကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ဆန်ဈေးနှုန်းမြင့်တင် ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)