Main menu

မကွေးမြို့၊ ရန်ပယ်စျေးရှိ စားသုံးဆီရောင်းချနေသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် ဈေးတာဝန်ခံနှင့်ပူးပေါင်းပြီး မကွေးမြို့၊ ရန်ပယ်စျေးရှိ စားသုံးဆီရောင်းချသည့် လုပ်ငန်းများအား (၁၀.၆.၂၀၂၂) နေ့ နံနက်(၀၉:၀၀) မှ (၁၀:၀၀) နာရီထိ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ဦးအောင်ဖြိုးဝေ(ဒု-ဦးစီးမှူး)မှ လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အရ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil,Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအစားကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရန် (ဥပမာ- ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ)အပြင် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြရန်ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁) တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ရာ(၆)လ ပြည့်မြောက်သည့်နေ့မှစ၍ အ‌ရေးယူဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း၊ အခြင်အတွယ်ဖြင့် ‌ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များ မှန်ကန်စွာရောင်းချစေလိုကြောင်း၊ စားအုန်းဆီနှင့် အခြားဆီများ ရောစပ်ရောင်းချနေလျှင် လည်းရောနှောမှုအချိုးအဆကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ခဲ့ပါသည်။

            ဒေါ်ခင်စုစုမွန်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု (က)ရှိ စားသုံးဆီအမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်များ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁) ရက်နေ့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)