
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ် ဈေးကွက် စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ရောင်းချသော ဟင်းလျာများတွင် အသုံးပြုသော အရောင်၊ အနံ့၊ အရသာပစ္စည်းများသည် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းစေရေး၊ စားသုံးသူအခွင့် အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းရှင်းလင်းခြင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်ပစ္စည်းများရောင်းချရန်မှာကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)