Main menu

ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့  ကွင်းဆင်းကြည့်ရှုစစ်ဆေး

Powered by Drupal

            ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဆောင်သော စားသုံးဆီဖူလုံရေးကော်မတီသည် ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆီနှင့်ဆီထွက်သီးနှံပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ စိန်မိသားစု မြေပဲဆီနှင့်နှမ်းဆီ ထုတ်လုပ်ရေးဆီစက်သို့  (၁၄-၆-၂၀၂၂) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်ခန့်တွင် မြေပဲဆီနှင့် နှမ်းဆီ ထုတ်လုပ်မှုအခြေအနေနှင့် စက်ရုံ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ကုန်ကြမ်းနှင့် ထုတ်ပိုးပစ္စည်းများ ဝယ်ယူစုဆောင်းမှုအခြေအနေများကို သွားရောက်အားပေးကြည့်ရှုစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း ဆီနှင့်ဆီထွက်သီးနှံများ စားသုံးပိုလျှံမှုအခြေအနေနှင့် ကရင်ပြည်နယ် စားသုံးဆီ ကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ ဦးဇော်ဝမ်းက ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်၊ အောင်၊ ထွက် အခြေအနေကို လည်းကောင်း၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဦးဇော်ဌေးနှင့် ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဦးဖြိုးဇော်ထွန်းက ကရင်ပြည်နယ်စားသုံးဆီ ကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ အသင်း သင်းဖွဲ့ စည်းမျဉ်းရေးဆွဲဆောင်ရွက်မှုအခြေအနေများနှင့် ကရင်ပြည်နယ်အတွင်းရှိ ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများကိုလည်းကောင်း   အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး စိန်မိသားစုဆီစက်ပိုင်ရှင် ဦးဝေလင်းအောင်က ဆီထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းရရှိမှု အခြေအနေနှင့် ဈေးကွက် အလားအလာတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း စားသုံးဆီ ဖူလုံစေရေးနှင့်ပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဆီနှင့်ဆီထွက် သီးနှံများကို တိုးတက်စိုက်ပျိုး ထုတ်လုပ်ရန်နှင့် Supply Chain တစ်ခုလုံးတွင် ပါဝင်သည့် စိုက်ပျိုးတောင်သူ၊ ကုန်သည်နှင့် စက်ပိုင်ရှင်များ၏  လိုအပ်သည့်အရင်းအနှီး၊ နည်းပညာအထောက်အကူများကို သက်ဆိုင်ရာ ဌာနများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

            ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဆောင်သော စားသုံးဆီဖူလုံရေး ကော်မတီအဖွဲ့ဝင်များသည် (၁၄:၃၀)နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)