Main menu

နတ်တလင်းမြို့နယ် စက်သုံးဆီရောင်းချနေသောစက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်ဆင်းစစ်ဆေးခြင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် စက်သုံးဆီ ရောင်းချနေသော စက်သုံးဆီဆိုင်များအား စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီးရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီပြတ် လပ်မှုရှိ/မရှိ၊ စက်သုံးဆီအမျိုးမျိုးတို့အား  နတ်တလင်းမြို့နယ် တာဝန်ခံရုံး စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်း များနှင့် ခရိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်စည်/ပင်အဖွဲ့တို့ပူးပေါင်းပြီး  မတ်လ တတိယပတ်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအဖွဲ့သည် စည်သူစက်သုံးဆီဆိုင်၊ လပ်ကီးဇုန်စက်သုံးဆီဆိုင်၊ ယွန်းယွန်းစက်သုံး ဆီဆိုင်၊ အောင်ရတနာစက်သုံးဆီဆိုင်၊ 2000စက်သုံးဆီဆိုင်  အရောင်းဆိုင်များမှ ရောင်းချနေသော စက်သုံး ဆီများ ပြတ်လပ်မှုရှိ/မရှိ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီးရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးရေးနှင့် အချိန်အတွယ်မှန်ကန်စေရေးတို့ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရှိရသည်။

DOCA(ပဲခူး)