Main menu

ညောင်တုန်းမြို့နယ်တွင် အခြေခံစာသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ကွင်းဆင်းဆောင်ရွက်

Powered by Drupal

             ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက်  အခြေခံစားသောက် ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအပါအဝင်  ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိပါသည်။

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ရုံးအနေဖြင့် မြိုနယ်များအထိ  ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ညောင်တုန်းမြို့၊ မြို့နယ်ကုန် ဈေးနှုန်းထိန်းချုပ်ရေးကော်မတီအဖွဲ့မှ အဖွဲ့ဝင် များဖြစ်ကြသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန ၊မြို့နယ် စားသုံးသူရေးရာဦးစီးဌာန  ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ (၁၈.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့၊ မြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် အသား/ငါး အစရှိသည်တို့၏ ဈေးနှုန်းအတက်/အကျ ပြောင်းလဲမှုအခြေအနေများကို စိစစ်ခြင်း၊  ပြည်သူလူထုစားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်ချက်ဖြင့်  အခြေခံ စားသောက် ကုန်ဈေးနှုန်း အပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ချက်ဖြင့် ဈေးကွက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ဧရာဝတီ)