Main menu

မုံရွာမြို့၊ ဗန္ဓုလဈေးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့မှ ဦးဆောင်၍ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့သည် (၁၉.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဗန္ဓုလဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို ဗန္ဓုလဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်း ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်း ရှိ/မရှိ စစ် ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီးလက်ကမ်းစာစောင် များပေးဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)