
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက တက်ရောက်လာကြသူများအား စားသုံးသူ ရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူတွေအခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများအား တိုင်ကြားညှိနှိုင်းဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ၊ ပညာပေးဆောင်ရွက်ခြင်းများ၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အတူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စီမံခန့်ခွဲရေးအရ အရေးယူခြင်းစသည့်တို့နှင့်စပ်လျဥ်းပြီး အသေးစိတ်ကျယ်ကျယ် ပြန့်ပြန့်ရှင်းလင်းဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာ တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) နေပြည်တော်က ထုတ်ဝေသည့် စားသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)