
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဉီးစီးမှူးနှင့် ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းသည် (၁၉-၃-၂၀၂၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး သမ ဝါယမဦးစီးဌာန၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲ ထုတ်လုပ်မှုနည်းပညာသင်တန်းရှိ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦးအား ၎င်းတို့ထုတ်လုပ်မည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကလည်း သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)