Main menu

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျီးတော် ကုန်းရပ်ကွက်ရှိ လာဘ်မင်းလူသုံးကုန်လုပ်ငန်း၊ ဇောင်ချမ်းကုန်းရပ်ကွက်ရှိ ရွှေလမင်းသာမုန့်လုပ်ငန်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ ရွှေမိုးပဲကြော်လုပ်ငန်းနှင့် ဝန်ဇင်းရပ်ကွက်ရှိ တောင်ဇလပ်လူသုံးကုန် လုပ်ငန်းသို့ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါ ရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်း ချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာ ပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)