
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရှိဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မတ်လ (၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါး ထောက်ခံချက်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆေးဝါးများအားသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ထားသိုသိမ်းဆည်းမှုမှန်ကန် စေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးဝါးများအား သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိစေရေး၊ အခန်းအပူချိန်တိုင်းကိရိယာများ ထားရှိစေရေး၊ ရောင်းချလျက်ရှိသောဆေးဝါးများနှင့်စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ပြည့်စုံမှန်ကန်သောသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ ဆေးဝါးများကို ခွဲခြမ်းထုတ်ပိုးရောင်းချမည့်ဆိုပါက သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လမ်းညွှန် ချက်များနှင့်အညီ ထုတ်ပိုးရောင်းချမှုရှိစေရေး စသည်တို့ကိုစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် များက ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင်သတိ ပေးချက်တို့ကို မြန်မာဘာသာဖြင့်တွဲဖက်ဖော်ပြရမည်ဖြစ်သလို ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုနှုန်း၊ အချိုးအစား၊ ထုတ်လုပ်မှုအမှတ် စဉ်နှင့်သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ထည့်သွင်းဖော်ပြရမည် ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများသည်လည်း အဆိုပါသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဆေးဝါး များ၊ ဖြည့်စွက်စာများကိုသာ ဆက်လက်ရောင်းချရမည်ဖြစ်ပါကြောင်း၊ သက်တမ်းလွန်ဆေးဝါးများ ကိုလည်း စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြပြီး နံနက် (၁၁:၀၀) နာရီတွင် ကွင်းဆင်းစစ်ဆေးမှုပြီးစီးကြောင်းသိရသည်။
DOCA(မန္တလေး)