Main menu

စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ Talk Show ကျင်းပပြုလုပ်

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ၍(၂၂-၃-၂၀၂၅)ရက်နေ့တွင်ပြည်ကြီးတံခွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ ၌စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကျင်းပြု လုပ်ခဲ့ပါသည်။

              အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စောလွင်မှ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ သိရှိလိုသည်များမြန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ စားသုံးသူ ရေးရာဌာနခွဲမှ ဒုဦးစီးမှူး ဒေါ်သီတာဝင်းက ပြောကြားရာတွင် စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ပတ်သက်၍ သိကောင်းစရာများ  စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်  စားသုံးသူ၏ အခွင့်အရေး(၈)ချက် တာဝန်(၄)ချက်အားရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအားအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

              ဆက်လက်ပြီး စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center (1535) နှင့် Hot Line  ဖုန်းနံပါတ်ဖြစ်သော ၀၂-၄၀၃၆၃၄၀  သို့တိုင်ကြားနိုင်ခြင်းတို့အား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)