
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေခရိုင်အတွင်းရှိ ချမ်းအေးသာစံမြို့နယ်၊မဟာအောင် မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဆင်းကတ်ရောင်းချသည့်အရောင်း ဆိုင်များသို့ မဟာအောင်မြေခရိုင်တရားမဝင်ဆင်းကတ်ရောင်းချမှုများစစ်ဆေးရေးအဖွဲ့ဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မဟာအောင်မြေခရိုင်အတွင်းရှိ ဆင်းကတ်ရောင်းချသည့်အရောင်းဆိုင်များတွင် ဆင်းကတ် များမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီးမှသာ ဆင်းကတ်များရောင်းချ ရန်နှင့်ကြိုတင်မှတ်ပုံတင်ထားသည့်ဆင်းကတ်များအား ရောင်းချမှုမရှိစေရေးတို့အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(မန္တလေး)