Main menu

မဟာအောင်မြေမြို့နယ်အတွင်းရှိဆင်းကတ်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ်အတွင်းရှိ ဆင်းကတ် ရောင်းချသည့်အရောင်းဆိုင်များသို့  မဟာအောင်မြေမြို့နယ်၊တရားမဝင်ဆင်းကတ်ရောင်းချမှုများ စစ်ဆေးရေးအဖွဲ့ဖြင့်   ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            မဟာအောင်မြေမြို့နယ်အတွင်း ဆင်းကတ်ရောင်းချသည့်အရောင်းဆိုင်များတွင်ဆင်းကတ် များမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီးမှသာ ဆင်းကတ်များရောင်းချ ရန်နှင့်ကြိုတင်မှတ်ပုံတင်ထားသည့်ဆင်းကတ်များအား ရောင်းချမှုမရှိစေရေးတို့အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)