Main menu

ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအောင်မြေသာစံမြို့နယ်ရှိဆီစက်လုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်း ပညာ နှင့်အရည်အသွေးစီမံခန်ခွဲမှုတာဝန်ခံ  ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် မန္တလေး ဆီစက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ၁၁.၃.၂၀၂၅ ရက်နေ့၊နေ့လည်(၁:၀၀)နာရီ တွင် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ဆီကြိတ်ခွဲထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်း ဆီတစ်ရက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်၊ ထွက်ရှိလာသော ကုန်ချောဆီများအား ပြန်လည်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြပါ ရှိရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)