Main menu

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ နေ့လည် ၂း၀၀ နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ပြုလုပ်ခဲ့ပါသည်။  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီး မှူးမှ ဝန်းထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များအား တင်ပြခဲ့ကြပါသည်။

  ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင် ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးက လိုအပ်သည်များ ကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား ညနေ(၃း၄၅) နာရီအချိန်တွင် ပြီးမြောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။   

DOCA(တနင်္သာရီ)