Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊တို င်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၀.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်း များစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက် အကူပြုဟောပြောပွဲတွင် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးနှင့် ကျင်းပ ပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်းဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာ ပေးဟောပြောဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဦးခမ်လျန်စွမ်းက အဖွင့်အမှာ စကားပြော ကြားခဲ့ပြီးနောက်  တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲမှ   ဒေါ်ယဉ်မာလှိုင်(ဒု-ဦးစီးမှူး) က “ရုံးချုပ်မှ ညွှန်ကြားချက်များရှင်းလင်းဆွေးနွေးခြင်းအကြောင်း” ၊ ဒေါ်သီတာဝင်း (ဒု-ဦးစီးမှူး)က “တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ဝန်ဆောင်မှုရယူခြင်း၊ငှားရမ်းခြင်းနှင့် ရောင်းချ ခြင်းများဆောင်ရွက်ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်းဆောင်ရွက်ချက်များအကြောင်း” ရှင်းလင်း ဆွေးနွေးခဲ့ပြီး  တက်ရောက်လာကြသောဝန်ထမ်းများက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)