
ရက်စွဲ ၊ ၂၁.၃.၂၀၂၅
ကလေးမြို့နယ်တွင် ( ၂၁.၃.၂၀၂၅ ) ရက်နေ့၊ နေ့လည် ( ၀၂:၀၀ ) နာရီအချိန်တွင် သမ္မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ ကလေး ခရိုင်ဉီးစီးမှူးရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားတွင် သင်တန်းသား/သူနှင့် ဝန်ထမ်းများ စုစုပေါင်း( ၃၇ )ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဉီးဟန်ထွန်းအောင် ဒုတိယညွှန်ကြားရေးမှူးမှ လူသုံးကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ ဉီးထိုက်တန် (လက်ထောက်ညွှန်ကြားရေမှူး)မှ ခရိုင်အသေးစားစက်မှုလက်မှုဉီးစီးဌာန၏ ဌာနအကြောင်းအရာများ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား ပြီး ကလေးခရိုင်၊စားသုံးသူရေးရာဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ကုန်ပစ္စည်းများ မိမိတို့ကိုယ်တိုင် တစ်ပိုင်တစ်နိုင်ထုတ်လုပ်မည်ဆိုပါက ထုတ်လုပ်မှုကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ပါဝင်ရမည့် ( ၂/ ၂၀၁၉ )ပါအချက်အလက်များ၊ ကုန်အညွှန်းအမှတ်အသားများလည်း ဌာနမှဆောင်ရွက်ပေးလျှက်ရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
သင်တန်းကို( ၁၇.၃.၂၀၂၅ )ရက်နေ့မှ(၂၁.၃.၂၀၂၅)ရက်နေ့ထိ (၅)ရက်သာသင်ကြားပို့ချခဲ့ပြီး သင်တန်းသူများသို့ ဆပ်ပြာအရည်၊ ဆပ်ပြာအခဲ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရမ်၊ လက်ဆေးဆပ်ပြာ ရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးလျှော်မွှေး အဝတ်လျှော်သီးသန့်၊ ကိုယ်တိုက်ဆပ်ပြာ အနေဖြင့် ကျောက်ချဉ်ဆပ်ပြာ၊ ပြားရည်ဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသူများ အနေဖြင့်မိမိတို့ အိမ်တွင်အိမ်အပြင်မထွက်ရဘဲ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်၍ ဌာနမှကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှအား လက်ဆင့်ကမ်း သင်ကြားပေးခြင်းဖြစ်ပါကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)