
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းသည် ပင်လုံရပ်ကွက်၊ အင်းရဲလမ်းရှိ ဝင်းစတား ရတနာရွှေဆိုင်သို့ သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)